ဦးမာန်
မောင်မာန်
ကိုမာန်
ခေါင်းစဉ်ရဲ့ကုဒ်ထည့်ရန်

About

မျိုး ဘာသာ ၊ တိုးကာတတ်အောင် ၊ ဒို့ ကပျက် ဆောင်ရွက်ကွယ် ။ မှုကြီးငယ် သွယ် သွယ်ရှိက ၊ အား ပြည့် အင်ပြည့် ညီညွတ်မယ် ။ ကြီးကြီးငယ်ငယ် ၊ ကျား-ရွေးကွဲ့ ၊မာ့သွေးက စွမ်းအားကြွယ် ။ ချစ်ကြင်နာဖွယ် ၊ ယဉ်ရာကားနဲ့ ၊စဉ်ကြိုးစား စံပြဖွယ် ။ ချစ်မယ်...ချစ်မယ်...။.

Css Menu

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, June 19, 2013

စာဖတ်သူများသို့ ------

ဤဝက်ဆိုက်/ဘလော့ အတွင်းရေးသားဖော်ပြထားသော အကြောင်းအရာများသည် ---------
၁။ နှစ်စဉ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျင်းပလျှက်ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ ကြီးတွင်-ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသူ/သားများနှင့် ဓမ္မစကူးလ်-သင်တန်းသူ/သားများအတွက် အထောက်အကူ ဖြစ်ပါစေခြင်း အကျိုးငှာ အဓိကရည်ရွယ်လျှက် ရေးသားဖော်ပြထားပါသည်။

၂။ ထေရဝါဒ ဗုဒ္ဓဘာသာ မျိုးဆက်သစ် လူငယ်များ၏ ရင်ထဲနှလုံးသားထဲဝယ် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမစာပေများ ကိန်းအောင်းလျှက်၊ ကိုယ်တိုင်လေ့လာ၊ ကျင့်ကြံပြီး အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ပါစေရန်အကျိုးငှာ ဆန္ဒတစ်ခု ရင်ဝယ်ပြုပါ၏။

၃။ သို့ပါသောကြောင့် မိမိဖတ်သား၊ မှတ်သားဖူးသော မြတ်ဗုဒ္ဓ၏ အဆုံးအမ စာပေအသီးသီးမှ၎င်း၊ အထူးသဖြင့်- ကဗျာ-လင်္ကာအများစုသည် ပညာရှိ(ကလောင်) ရှင်အပေါင်းတို့၏ ဘာသာရေးစာအုပ်စာပေများမှ၎င်း၊ မိမိတို့၏ ဓမ္မစကူးလ်-တနင်္ဂနွေ ဗုဒ္ဓဓမ္မသင်တန်းကျောင်းမှ ထုတ်ဝေထားသော စာအုပ်များမှ၎င်း၊ မှတ်သားစုဆောင်းလျှက် ပြန်လည်ကာ ဖြန့်ဝေလိုပါ၏။

၎။ သို့ဖြစ်ပါ၍ ပညာရှိ(ကလောင်)ပိုင်ရှင် အပေါင်းတို့သည် ခွင့်ပြုချက်မတောင်းဆိုပဲ ရေးသား ဖော်ပြထားသော ဤဘလော့ပိုင်ရှင်အား ဗုဒ္ဓမြတ်စွာ၏ သာသနာ့အကျိုး ရည်မျှော်ကိုး၍ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်လိမ့်ဟု ယုံကြည်မှု သဒ္ဓါတရား ရှေ့ထားပါ၏။

          ဤသို့ဆိုရကား ---------

သာသနာပြု လုပ်ငန်းအသီးသီးကို အားပေးကူညီလိုသော မိတ်ဆွေအပေါင်းတို့အား သာသနာ့လက်တွဲဖော်များအဖြစ် ရင်ဝယ်နှလုံး အစဉ်ပြုံးလျှက် ဖိတ်မန္တက ပြုလိုပါ၏။ မိမိနှင့်အတူ ပါဝင်ကူညီ အားဖြင့်လိုပါက Email:ashinmandala.pr@gmail.com သို့၎င်း၊ ဖုန်း-၀၉၄၅၀၀၀၁၆၉၁ သို့၎င်း ဆက်သွယ်နိုင်ပါကြောင်း
---- 
                                                  အရှင်မဏ္ဍလ၊ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ သတင်းနှင့်ပြန်ကြားရေး