ပျက်စီးကြောင်းတရား ဆယ့်နှစ်ပါး
၁။ ဤသူတိုးမည်၊ မတိုးမည်ဟု၊ ဉာဏ်ဖြင့်ရှုက၊ သိလွယ်လှ၏။ ဓမ္မတရား ချစ်ပါငြားမူ၊ ထိုသူမုချ ကြီးပွါးရ၏။ ဓမ္မတရား မုန်းခဲ့ငြားမူ၊ ထိုသူမုချ ပျက်စီးရ၏။
= ဒုစရိုက်တရားဆယ်ပါးကို နှစ်သက်ခြင်း၊ ပြုကျင့်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း အကြောင်းဖြစ်၏။
၂။ သူယုတ်ကိုချစ်၊ သူမြတ်ပစ်ငြား၊ သူယုတ်များ၏၊ တရားကိုသာ၊ နှစ်သက်ပါမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= မိစ္ဆာဒိဋ္ဌိ အယူရှိသူများနှင့် သူယုတ်မာတို့ကို ပေါင်းသင်းဆက်ဆံခြင်း၊ သူတော်ကောင်းတို့နှင့် မပေါင်းသင်းမဆက်ဆံခြင်း၊ မိစ္ဆာဒိဋ္ဌိများနှင့် သူယုတ်မာတို့၏ တရားနှင့်အယူဝါဒများကို နှစ်သက်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၃။ အအိပ်လွန်တောင်း၊ ဖော်ပေါင်းနှင့်သာ၊ မွေ့လျော်စွာလှ၊ လုံးလမရှိ၊ ပျင်းရိလှလျက်၊ အမျက်ကြီးမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= အလွန်အကျွံအိပ်ခြင်း၊ အပေါင်းအဖော်၌ မွေ့လျော်ပြီး အချိန်ဖြုန်းတီးနေခြင်း၊ ထကြွလုံ့လမရှိခြင်း၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
ဦးမာန်
မောင်မာန်
ကိုမာန်
ခေါင်းစဉ်ရဲ့ကုဒ်ထည့်ရန်
About
Showing posts with label ဗုဒ္ဓဝင်ဆိုင်ရာ. Show all posts
Showing posts with label ဗုဒ္ဓဝင်ဆိုင်ရာ. Show all posts
Wednesday, June 26, 2013
Monday, June 24, 2013
လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုးလင်္ကာနှင့်စကားပြေ
ပဋိသန္ဓေယူသောနေ့ လင်္ကာ+စကားပြေ
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
= လူသုံးပါးတို့၏ မြတ်စွာဘုရားကို ကျွန်ုပ်ရှိခိုးပါ၏။ ဘုရားအလောင်းသည် တစ်သောင်းသော စကြာဝဠာမှ နတ်ဗြဟ္မာများက ညီညီညာညာစုရုံးတောင်းပန်မှုကြောင့် အချိန်အခါအရ ပင်ကိုသဘာဝအား ဖြင့် ရွှန်းရွှန်းစိုဝေနေသော ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ချမ်းမြေ့ကြည်ဖြူစွာ ပဋိသန္ဓေယူပါသည်။ ဤသို့ ပဋိသန္ဓေယူသည်မှာ နတ်လူများ ငြိမ်းအေးဖို့ ကိန်းခန်းကြုံလာခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဝင်ဖြစ်စဉ် အကျဉ်းချုပ်
၁။ လူအမည် သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ ဂေါတမ
၃။ မိဘအမည် သုဒ္ဓေါဒနမင်းနှင့် သိရီမဟာမာယာဒေဝီ
၎။ ကြင်ရာတော် ဘဒ္ဒကဉ္စနာယသော်ဓရာမင်းသမီး
၅။ ရင်သွေးတော် ရာဟုလာမင်းသား
၆။ ယောက်ဖတော် ဒေဝဒတ်
၇။ မိထွေးတော် ဂေါတမီ
၈။ နေပြည်တော် ကပိလဝတ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန လုမ္ဗိနီဥယျာဉ်
၁၀။ နန်းစံနှစ် ၁၃-နှစ်ကြာ (၁၆-နှစ်မှ ၂၉- နှစ်အထိ)
၁၁။ နိမိတ်ကြီးများ သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် သုမိတ္တာအမျိုးသမီ (ယသော်ဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘဝမှ ဝေဿန္တရာ ဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် သတ္တဝါအများအကျိုးကို ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်သည့်နေရာ ဥရုဝေလတော
၁၉။ ဒုက္ကရစရိယာ အဓိပ္ပါယ် ခဲယဉ်းစွာကျင့်ရသောအကျင့်
၂၀။ ဒုက္ကရစရိယာကျင့်သောနှစ် ၆-နှစ် (မဟာသက္ကရာဇ် ၉၇ ခုနှစ်မှ ၁၀၃ ခုနှစ်အထိ)
၂၁။ တောထွက်တော်မူသောအသက် ၂၉-နှစ်
၂၂။ ဘုရားဖြစ်တော်မူသောအသက် ၃၅-နှစ်
၂၃။ ဘုရားပွင့်ချိန်သက်တမ်း ၁၀၀- နှစ်
၂၄။ အလုပ်အကျွေး ပဉ္စဝဂ္ဂီ ငါးဦး

Subscribe to:
Posts (Atom)