ဦးမာန်
မောင်မာန်
ကိုမာန်
ခေါင်းစဉ်ရဲ့ကုဒ်ထည့်ရန်

About

မျိုး ဘာသာ ၊ တိုးကာတတ်အောင် ၊ ဒို့ ကပျက် ဆောင်ရွက်ကွယ် ။ မှုကြီးငယ် သွယ် သွယ်ရှိက ၊ အား ပြည့် အင်ပြည့် ညီညွတ်မယ် ။ ကြီးကြီးငယ်ငယ် ၊ ကျား-ရွေးကွဲ့ ၊မာ့သွေးက စွမ်းအားကြွယ် ။ ချစ်ကြင်နာဖွယ် ၊ ယဉ်ရာကားနဲ့ ၊စဉ်ကြိုးစား စံပြဖွယ် ။ ချစ်မယ်...ချစ်မယ်...။.

Css Menu

Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Saturday, June 29, 2013

ဘာဖြစ်ချင်လဲ ----- ?



မင်္ဂလာပါ
အကျွန်ုပ်တို့ အားလုံးသည်
          အလွန်တရာမှ ရခဲလှပါတယ်ဆိုတဲ့ လူ့ဘဝကြီးကို ရရှိပိုင်ဆိုင်ထားကြသော လူသား အားလုံးတို့ အတွက် ယနေ့မိမိတို့ရရှိပိုင်ဆိုင်ထားကြသော လူ့ဘဝဟူသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၊ လိုတိုင်းရ တတိုင်းဖြစ်နေတဲ့ ဣစ္ဆာသယ လွယ်အိတ်ကြီးပမာ၊ မိမိတို့စိတ်တိုင်းကျ ရွေးချယ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ပေးအပ်ထားသော အချိန်အခါကြီးတစ်ခု ဖြစ်ပေသည်။
          ရှေးအတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ်ကောင်းမှုများ ရှိထားသည့် ပုဂ္ဂိုလ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ ကြီးပွးတိုးတက်မှု-ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိကြသည်။ ထိုသူတို့သည် ချမ်းသာကြွယ်ဝ-မြင့်မြတ်သည့် အမျိုးအနွယ်များ၌ မွေးဖွားကြ၏။ သူတို့၏ စိတ်နှလုံးသည် မိမိတို့နှင့်အတူ နေသူများအား ချစ်ခင်ခြင်း,ကြင်နာခြင်း, သနားခြင်းတို့နှင့် ပြည့်နေတတ်၏။ သူတို့သည် မကောင်းမှုများကိုရှောင်ကြဉ်၍၊ ကောင်းမှုတို့ကို ပြုလုပ်တတ်ကြ၏။ သူတို့၏ စိတ်နှလုံးသည်မြင့်မြတ်သည့် အကြံအစည်များနှင့် ပြည့်နေတတ်၏။ သူတို့သည် လူတို့၏ ချစ်ခင်မှု, ရိုသေလေးစားမှုကို ခံယူရရှိတတ်ကြ၏။ သူတို့သည် မိမိ-သူတပါး နှစ်ဦးလုံးတို့၏ကောင်းကျိုးအတွက် သင့်လျော်မှန်ကန်စွာ ကြံစည်-ပြောဆို-ပြုလုပ်တတ်ကြ၏။သူတို့သည် စဉ်းစားချင့်ချိန်-စိတ်တည်ငြိမ်စွာဖြင့် လုပ်ဆောင်တတ်ကြ၏။ အခြားသော ပြည်သူတို့က ထိုသူတို့ကို မိမိတို့၏ ခေါင်းဆောင်များအဖြစ် မှတ်ယူတတ်ကြ၏။ ထိုသူတို့၏ ကောင်းသတင်းကျော်စောခြင်းသည် တနိုင်ငံလုံး, တကမ္ဘာလုံးမှာ နေရာအနှံ့ ပြန့်နှံ့သွားတတ်၏။ သူတို့သည် မိဘကောင်း- ဆရာသမားကောင်းများထံမှ အကျင့်စာရိတ္တကောင်းမွန်ရေး သင်ပြပေးမှု, ကောင်းသောပညာရေးတို့ကို ငယ်ရွယ်စဉ်ကပင် ရရှိတတ်ကြ၏။ သူတို့သည် မိမိတို့ ကြိုးပမ်းလုပ်ကိုင်သည့် အလုပ်များ၏ အသီးအပွင့်ကောင်းကျိုးများကို အပြည့်အဝ ခံစားရတတ်၏။ သူတို့သည် သက်ရှည်- ကျန်းမာစွာ, ကြီးပွါးတိုးတက်- အေးငြိမ်းစွာ နေထိုင်ရတတ်၏။ သူတို့၏ ပစ္စည်းဥစ္စာ- စည်းစိမ်များမှာ သူတပါးတို့၏ ဖျက်ဆီးမှုကို မခံရနိုင်ပေ။ ဤန္နည်းအားဖြင့် ရှေးအတိတ်ဘဝက ကုသိုလ် ကောင်းမှုများပြုခဲ့ဘူးသော ပုဂ္ဂိုလ်တို့သည် အတိတ်ဘဝက ပြုခဲ့သည့် ကောင်းမှုတို့၏ အကျိုးတရားအနေဖြင့် ယခုပစ္စုပ္ပန်ဘဝ၌ ကောင်းကျိုးမျာကို ခံစားကြရကုန်၏။ အတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ်ကောင်းမှုများ မရှိကြသူတို့သည်ကား မည်မျှပင်ကြိုးစားပမ်းစား, လိမ်မာပါးနပ်ကောင်းမွန်စွာ အလုပ်လုပ်ပေမဲ့ ထိုကဲ့သို့သော ကောင်းကျိုးများကို အပြည့်အဝ မခံစားရနိုင်ပေ။
          သို့ရာတွင် “ကံ”-ဟူသည် အမှန်တကယ်အားဖြင့် အတိတ်ကံများကိုသာဆိုလိုသည်မဟုတ်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ဆိုလိုသည်။ အရာရာတိုင်းသည် “အတိတ်” ကံကြောင့်သာ ဖြစ်၏-ဟု ဆိုလိုသည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးတရားတခုကို ဖြစ်စေဘို့ရန်အတွက်“အသိပညာဗဟုသုတ, ကြိုးစားအားထုတ်မှု” စသည်ကဲ့သို့သော အခြံအရံအကြောင်းတွေများစွာ လိုအပ်သောကြောင့်တည်း။ ထို့ကြောင့် ကောင်း-မကောင်းသည့် အတိတ်ကံ-ပစ္စုပ္ပန်ကံ ၂မျိုးလုံးပေါင်းစပ်လိုက်မှသာလျှင် ပစ္စုပ္ပန်ဘဝ၌ ကောင်း-မကောင်းသော အကျိုးတရားများ အပြည့်အဝကို ပေးမည်ဖြစ်ပါသည်။
          ဗုဒ္ဓက “ကံတရား၊ ယင်းကံ၏ တုံ့ပြန်မှု=အကျိုးတရားများအကြောင်းကို ကျွန်ုပ်တို့အား ဟောကြားပြသပေးတော်မှုခဲ့၏။ “ကံ”-ဟူသည် ပရမတ္ထအနက်သဘောအားဖြင့် ကောင်းသော-မကောင်းသော စိတ်စေတနာကို ဆိုလိုသည်။ စေတနာကောင်းဖြင့်ပြုလုပ်လျှင် ကောင်းသောကံဖြစ်၍၊ မကောင်းသည့် စေတနာဆိုးဖြင့်ပြုလုပ်လျှင် မကောင်းသောကံဖြစ်၏။ သို့ဖြစ်၍“ကံ” (ကမ္မ)-သည် ကောင်းသောကံ, မကောင်းသောကံ-ဟူ၍၂-မျိုးရှိပြီး၊ “အကျိုး” (ဝိပါက) ဟူသည် ထိုကောင်းသောကံ, မကောင်းသောကံတို့၏ သဘာဝအတိုင်း ဖြစ်လာသော “ကောင်း-မကောင်းသော” အကျိုးတရား ဖြစ်၏။ ထို “ကံ” သည်ကမ္ဘာလောကတွင်အားအကောင်းဆုံး-တန်ခိုးအကြီးမားဆုံး ဖြစ်၏။ မိမိပြုသည့် ကောင်းမှု-မကောင်းမှုတို့၏ ကောင်းကျိုး-ဆိုးကျိုးမှ မည်သူမျှ မလွတ်ကင်းနိုင်ပေ။ လူ့နောက်သို့ မလွဲမသွေ လိုက်၏ မည်သည့်တန်ခိုးရှင်ကမျှ တစုံတယောက်ပြုသည့်ကံ၏ အကျိုးတရားကို မတားမြစ်နိုင်(ဝါ) ထိုကံမှ ကံ၏အကျိုးဖြစ်ထွန်းလားသည့် တုံ့ပြန်မှု(=အကျိုးတရား)ကို ပြောင်းလဲမပစ်နိုင်ချေ။ ဤမျက်မှောက်ဘဝ၌ အထက်တန်းကျ နေသူတို့သည် အတိတ်ဘဝက သူတို့ပြုခဲ့သည့် ကောင်းမှုတို့၏ ထင်ရှားသည့်ပြယုဂ်များဖြစ်ပြီး၊ အောက်တန်းကျသူတို့သည် အတိတ်ဘဝသူတို့ပြုခဲ့သည့် မကောင်းမှုတို့၏ ထင်းရှားသည့် ပြယုဂ်များဖြစ်၏။ ထို့ကြောင့် အေးငြိမ်းချမ်းသာသည့် အနာဂတ်ဘဝ၏ အုတ်မြစ်ဖြစ်သည့် ကောင်းမှုကံတို့ကို ပစ္စုပ္ပန်ဘဝ၌ ပြုလုပ်ရန်၎င်း၊ ဆင်းရဲလှသည့် နောင်အနာဂါတ်ဘဝ၏ အကြောင်းရင်းဖြစ်သည့် မကောင်းမှုကံတို့ကို ရှောင်ကြဉ်ရန်၎င်း အထူးလိုအပ်လှ၏။ အဘယ့်ကြောင့်ဆိုသော် ယခုဘဝ၌ ပြုလုပ်သည့် ကောင်းမှုကံ - မကောင်းမှုတို့သည် နောင်အနာဂတ်ဘဝ၌ ကောင်းကျိုး-ဆိုးကျိုးများကို မလွဲမသွေ ပေးမည်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် မိမိကိုယ်ကို တကယ်ချစ်ကြသော လူတို့အား မိမိတို့၏ အနာဂတ်ဘဝများ၌ ကောင်းကျိုးများကို ခံစားနိုင်ဘို့ရန် အလို့ငှာ ပစ္စုပ္ပန်ဘဝ၌ ကောင်းမှုများကို ပြုလုပ်ကြရန် ပန်ကြားအပ်ပါ၏။ ”သင်၏ကောင်းသော အမှုကံတို့သည် သင်၏ထာဝရမိတ်ဆွေစစ်များဖြစ်၍၊ သင်၏ မကောင်းသောအမှုကံတို့သည် သင်၏ တကယ့်ထာဝရရန်သူများဖြစ်၏”။ `ဤသို့ဆိုရကား အသင်စာရှုသူသည် ကုသိုလ်နှင့် အကုသိုလ် အဘယ်ကို ရွေးချယ်မည်နည်း၊ ရန်သူနှင့် မိတ်ဆွေ မည်သည့်အရာကို နှစ်သက်ပါသနည်း ------
အရှင်မဏ္ဍလ

အကျွန်ုပ်၏ ယုံကြည်ချက်


မင်္ဂလာဆိုသည်မှာ
          ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့ကို ပူဇော်ခြင်းသည် ထိုသို့ပူဇော်ခြင်းအား ပြုကျင့်သောသူအားလုံးအဘို့ ကောင်းမြတ်သည့် မင်္ဂလာတပါး ဖြစ်ပေ၏။ အမှန်စင်စစ်-ပူဇော်ထိုက်သောပုဂ္ဂိုလ်တို့ဆိုသည်မှာ “ဘုရား, တရား, သံဃာ, မိဘများ, ဆရာသမားများ, အသက်ကြီးသူများ” စသည်တို့ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ---------
          ဗုဒ္ဓ -လို့ခေါ်တဲ့- ဘုရားရှင်သည် မရေမတွက်နိုင်အောင် များပြားလှသည့် ကပ်ကမ္ဘာများစွာတိုင်တိုင် ပါရမီ ၁၀ - ပါး အကျင့်များကို ဖြည့်ကျင့်ခဲ့၍ ၊ နောက်ဆုံးတွင် “သတ္တဝါတွေကို ဆင်းရဲဒုက္ခအလုံးစုံမှ ကယ်တင်ပေးနိုင်သည့်” သဗ္ဗညုတဉာဏ်တော် (ဝါ) ဗုဒ္ဓ = ဘုရားအဖြစ်ကို ရရှိတော်မှုခဲ့၏။ တိုဘုရားရှင်သည် ၄၅ - နှစ်တိုင်တိုင် အိန္ဒိယနိုင်ငံအတွင်းရှိ အရပ်ဒေသများစွာသို့ ဒေသစာရီ လှည့်လည်ကြွချီကာ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကောင်းကျိုးအတွက် ဖြူစင်ကောင်းမြတ်- စစ်မှန်သည့်တရားတော်များကို နေ့ရော-ညပါ, မနေမနား ဟောပြောပြသတော်မူခဲ့ပေ၏ ။ ဤနည်းအားဖြင့် ဘုရားရှင်သည် သန်းပေါင်းများစွာသော လူနတ်ဗြဟ္မာ သတ္တဝါ တို့ကိုဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်ပေးခဲ့သဖြင့်၊ သတ္တဝါတွေအပေါ် ဘုရားရှင်ထားရှိသည့် မေတ္တာတော်, ကရုဏာတော်တို့မှာ ဖေါ်မပြနိုင်လောက်အောင် ကြီးမားလှပေသည်။ ထို့ကြောင့် ဘုရားရှင်သည် ကမ္ဘာလောကထဲရှိ သတ္တဝါ အားလုံး၏ ပူဇော်အထူးကို ခံတော်မူထိုက်ပါပေသည်ဟုဆိုလျှင် အသင် လက္ခံမည်လော။
          ဓမ္မဆိုသော တရားတော် - ဟူသည်လည်း ထိုဘုရားရှင်က ရှာဖွေတွေ့ရှိအပ်, မျက်မှောက်ပြုအပ်, ဟောကြားအပ်သော မှန်ကန်-ကောင်းမြတ်သည့်တရားတော်မျိုး ဖြစ်၏ ။ ထိုတရားတော်သည် ”သီလ= ကောင်းမွန်သည့် ကိုယ်ကျင့်တရား, သမာဓိ= စိတ်၏တည်ကြည်-တည်ငြိမ်မှု, ပညာ = ထိုးထွင်းသိမှု” (တနည်း) “ ဒါန= ပေးကမ်းလှူဒါန်းမှု, သီလ= ကောင်းမွန်သည့်ကိုယ်ကျင့်တရား, ဘာဝနာ= စိတ် ( သမာဓိ) နှင့် အသိဉာဏ်ကို တိုးတက်အောင်ကျင့်ကြံမှု ” များပါဝင်၍ ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဆွေးသောက, ဆင်းရဲဒုက္ခတို့ကို ပယ်ဖျောက်ပေးရကား၊ ထိုသူတို့ကို အေးငြိမ်းခြင်း ပျော်ရွှင်ချမ်းမြေ့ခြင်းသို့ ပို့ဆောင်ပေးလေသည်။ ထိုတရားတော်မှာ ကြီးမားလှသည့် တန်ခိုးအာနုဘော်ရှိသောကြောင့် ထိုတရားတော်ကို ကျင့်ကြံအားထုတ်ကြသော ပုဂ္ဂိုလ်တို့အား ချမ်သာအပေါင်းနှင့် ပြည့်စုံသော နတ်ပြည်- ဗြဟ္မာပြည်များသို့ ပို့ဆောင်ပေးပြီး၊ အဆုံးစွန်၌ ပဋိသန္ဓေနေရခြင်း- အိုရခြင်း၊ နာရခြင်း၊ သေရခြင်းစသော ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ပို့ဆောင်ပေးလေသည်။ သို့ဖြစ်၍ တရားတော်သည်လည်း ကမ္ဘာလောကကြီးအား ကျေးဇူးများလှ၍ သတ္တဝါအားလုံး၏ ပူဇော်အထူးကို ခံတော်မူထိုက်ပါပေ၏- ဟုဆိုလျှင်ကော အသင် မည်သို့ ငြင်းဆန်မည်နည်း။
          သံဃာတည်း - ဟူသော ဘုရားရှင်၏ တပည့်သား သာဝကတို့သည် ဘုရားရှင်ဟောကြားထားခဲ့သော “ဓမ္မ” ဟုခေါ်သော တရားတော်များကို သင်ယူလေ့လာ-လက်တွေ့ ကျင့်သုံးခြင်းအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည့်အပြင်၊ သတ္တဝါအပေါင်းတို့အား ” ကြီးပွားတိုးတက်ခြင်း, အေးငြိမ်းခြင်း, ပျော်ရွှင်ချမ်းမြေ့ခြင်း” တို့ကို ရရှိဘို့အတွက် ဟောကြားပြသပေးကြပေသည်။ ထို့ကြောင့် သံဃာတော်အရှင်မြတ်တို့သည်လည်း “ ဘုရား, တရားကဲ့သို့ပင်” ကမ္ဘာလောကထဲရှိ “ ကိုယ်ဆင်းရဲမှု” ၊ စိတ်ဆင်းရဲမှုစသော ဒုက္ခလှိုင်းတံပိုးများထဲ၌ ရုန်းကန်နေကြသည့် သတ္တဝါအပေါင်းအား အလွန်ကျေးဇူးများလှသဖြင့် လူ့လောကကြီးအဘို့ ကုသိုလ်ကောင်းမှုပြုရာ အတုမရှိသည့် လယ်ယာမြေကောင်းသဖွယ် ဖြစ်ပေသည်။ ထို့ကြောင့် သံဃာတော်အရှင်မြတ်တို့သည် လောကအတွင်းရှိ လူသားအားလုံး၏ ပူဇော်အထူးကို ခံတော်မူထိုက်ပါပေ၏ဆိုသည်ကိုတော့ အပြည့်အဝ ထောက်ခံလိမ့်မည်ဟု ယုံကြည်မိပါသည်။
          ဆရာများဆိုသည်မှာ - ရဟန်းဖြစ်စေ, လူဝတ်ကြောင်ဖြစ်စေ ဆရာဟူသမျှတို့သည် ပြည်သူအပေါင်းအား အသိပညာ အတတ်ပညာကို သင်ပေးကြသည်သာမက၊ ထိုသူတို့၏ ကောင်းမွန်သည့် အကျင့်စာရိတ္တများကိုပါ ပုံသွင်းပေးနိုင်ကြပေသည်။ ဆရာတို့သည် နိုင်ငံသားလူမျိုးများကို ပြုစုပျိုးထောင် တည်ဆောက်ပေးသူများဖြစ်သည်သာမက ၊ ပြည်သူတို့၏ အကျင့်စာရိတ္တကောင်းများကို မြှင့်တင်ပေးသူများလည်း ဖြစ်ကြ၍၊ နိုင်ငံနှင့်လူမျိုး၏ အနာဂတ် ကြီးကျယ်မြင့်မြတ်မှုသည် ထိုဆရာများအပေါ်၌ များစွာမူတည်သည်မှာ ထင်ရှားလှပေသည်။ သို့ဖြစ်၍ ဆရာသမားများသည် ပြည်သူအားလုံး၏ ပူဇော်အထူးကို ခံထိုက်ကြပေသည်- ဟုဆိုလျှင်ကော အသင်မည်သို့ ဆန္ဒရှိမည်နည်း။
          မိဘများ ဆိုသည်မှာတော့ အထူးပြောစရာလိုမည်မထင် သားသမီးတို့ကို မွေးမြူစောင့်ရှောက်ပေးခဲ့သည့်အပြင်၊ ယင်းတို့၏ လက်ဦးပထမ တကယ့်လက်ရင်းဆရာများ ဖြစ်ပေသည်။ ထိုမိဘတို့သည် မိမိတို့၏ “အသက်-စည်းစိမ်ဥစ္စာ- ကျန်းမာရေး” ကို စွန့်လွတ်ပြီး၊ မိမိတို့၏ ချစ်လှစွာသော သားငယ်သမီးငယ်များအား ချစ်ခင်-ယုယ-ကာကွယ်စောင့်ရှောက် ပေးခဲ့ကြပေသည်။ သို့ဖြစ်၍ မိဘများသည် သားသမီးတို့၏ ပူဇော်အထူးကို ခံထိုက်ပေသည်။ ထို့အတူပင် အကျင့်စာရိတ္တဆိုင်ရာ သင်ပေးပြသပေးမှုနှင့် အကူအညီအမျိုးမျိုးကို ပေးကြသော အုပ်ချုပ်ပေးသူများ, အသက်ကြီးသူများလည်း ဆိုင်ရာပုဂ္ဂိုလ်တို့၏ ပူဇော်အထူးကို ခံထိုက်ကြပေသည်။
          ရိုသေထိုက် ပူဇော်ထိုက်သော ပုဂ္ဂိုလ်တို့အား ရိုသေလေးစား ပူဇော်ကြသော ပုဂ္ဂိုလ်တို့သည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း- ကိုယ်အားဉာဏ်အား ကြီးမားခြင်း ဟူသော အကျိုးထူး တေရားလေးပါးတို့ကို ရရှိလိမ့်မည်ဟူ၍ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် အသင်စာရှုသူ သည်လည်း ဤမြင့်မြတ်သည့် တာဝန်ဝတ္တရားများကို ဖြည့်ကျင့်လုပ်ဆောင်ပါလျှင် ဤလူလောကကြီးသည် ကြီးပွါးတိုးတက်- အေးငြိမ်းသာယာ- ပျော်ရွှင်ချမ်းမြေ့ခြင်း တို့နှင့် ပြည့်စုံသော နေရာဌာနကြီးတစ်ခု ဖြစ်လာပါလိမ့်မည်ဟု မုချဧကန် ယုံကြည်မိပါ၏။

အရှင်မဏ္ဍလ၊သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၊ သတင်းနှင့်ပြန်ကြားရေး-၀၉၄၅၀၀၀၁၆၉၁

Wednesday, June 26, 2013

ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်လိုပါသလား??

အသင်စာရှုသူသည်
ဗုဒ္ဓဘာသာဝင်ကောင်းတဦး ဖြစ်လိုပါက မိမိ၏ စိတ်ပိုင်း-ဓမ္မပိုင်းဆိုင်ရာ တိုးတက်မှုအတွက် ရှေးဦးစွာ“ဘုရား, တရား , သံဃာ” တည်းဟူသော ရတနာသုံးပါးတို့ကို “ဤကမ္ဘာတွင် တွေ့ကြုံခဲလှသည့် အမြတ်ဆုံး ရတနာများ”ဟူ၍ မြဲမြံစွာ ယုံကြည်လျှက် ကိုးကွယ်ဆည်းကပ်သင့်ပေသည်။ ယင်းသို့ဆည်းကပ်သင့်ခြင်း၏ အကြောင်းပြချက်များကို အောက်တွင် အနည်းငယ်လေး ရှင်းပြချင်ပါသည်။

(၁) ဗုဒ္ဓ-ဆိုတာ
---မရေမတွက်နိုင်အောင် များပြားလှသော လွန်ခဲ့သည့် ရှေးရှေးကပ် ကမ္ဘာကာလ၌ ဂေါတမဘုရားအလောင်းတော်သည် “ဒီပင်္ကရာ” ဘုရားရှင်၏ ထံတော်ပါးတွင် ပါရမီများနှင့် ပြည့်စုံသည့် ဈာန်ရ-ရသေ့တပါး ဖြစ်ခဲ့သည်။ သို့ရာတွင် သူသည် ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး သတ္တဝါအများကို ကယ်တင်ပေးနိုင်သည့် “ဗုဒ္ဓ” ခေါ် သဗ္ဗညုဘုရားရှင်အဖြစ်ကို ရယူရန် ဆုံးဖြတ်ခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုတော် သူသည် နိဗ္ဗာန်သို့ မိမိတစ်ဦးတည်းသာ ဝင်ရောက်ရန် အလိုမရှိပဲ၊ အခြားသတ္တဝါတွေကိုပါ နိဗ္ဗာန်သို့ ပို့ဆောင်လိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေ အပေါ်၌ သူ၏ သနားကြင်နာခြင်း “ကရုဏာတော်” သည်ဖေါ်မပြနိုင်လောက်အောင်ကိုပင် ကြီးမားလှကြောင်း ထင်ရှားပေသည်။ သူသည် “သဗ္ဗညု-ဗုဒ္ဓ” ဖြစ်ဘို့ရန်အတွက် ပါရမီတော်တွေ အားလုံးကို ဖြည့်ကျင့်ဆည်းပူးခဲ့ပေသည်။ သူသည် “သဗ္ဗညု-ဗုဒ္ဓ” ဖြစ်လာသောအခါ သတ္တဝါတို့၏ အကျိုးစီးပွါးအလို့ငှာ သစ္စာလေးပါးမြတ်တရားတော်များကို ဟောကြားပြသရန် ၄၅-နှစ်တိုင်တိုင် တနေရာမှ တနေရာသို့ နေရာအနှံ့ ဒေသစာရီ ကြွတော်မှုခဲ့ပေသည်။ သူသည် လူနတ်ဗြဟ္မာ သတ္တဝါတို့အား ရှောင်ကြဉ်ရမည့် တရားများနှင့် ကျင့် ကြံအားထုတ်ရမည့် တရားများကို နေ့ရောညပါ ဟောပြောပြသ ဆိုဆုံးမခဲ့သောကြောင့် ထိုလူနတ်ဗြဟ္မာတို့၏ “လမ်းညွှန်ပြ” ဆရာမြတ်တစ်ဆူ ဖြစ်တော်မှုခဲ့ပေသည်။ သူသည် နတ်ပြည်-ဗြဟ္မာပြည်သို့ ရောက်စေကြောင်း လမ်းကောင်း- လမ်းမှန်ကို၎င်း၊ အပါယ်ငရဲဘုံများသို့ ရောက်စေကြောင်း လမ်းဆိုး-လမ်းမှားကို၎င်း သတိပေး ညွှန်ပြတော်မှုခဲ့ပေသည်။ ထို့အပြင်သူသည် ပဋိသန္ဓေနေရခြင်း, အိုရခြင်း, နာရခြင်း, သေရခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲဒုက္ခအလုံးစုံမှ နောက်ဆုံးလွတ်မြောက်ရာဖြစ်သော, ထာဝရအေးငြိမ်းချမ်းသာရာဖြစ်သည့် “နိဗ္ဗာန်”သို့ ရောက်စေကြောင်း အကောင်းမြတ်ဆုံးလမ်းကိုလည်း ညွှန်ကြားပြသခဲ့ပေသည်။။ သူသည် ရဟန်းရှင်လူများ ပါဝင်သည့် မိမိ၏ တပည့်သာဝကများကို စည်းရုံးဖွဲ့စည်းခဲ့ပေသည်။ ထို့အပြင် မိမိ၏ တရားတော်များအား လေ့လာသင်ကြားခြင်း, ကျင့်ကြံအားထုတ်ခြင်း, ဟောကြားပြသခြင်းတို့ကို ဆက်လက်လုပ်ဆောင် သွားနိုင်ရန်အတွက် မိမိ၏ “ဓမ္မအမွေခံများ” ဖြစ်သည့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ “သံဃာအဖွဲ့အစည်း” ကိုလည်း တည်ထောင်ထားရစ်ခဲ့ပေသည်။ ထို့ကြောင့် ထိုဘုရားရှင်သည် သတ္တဝါအပေါင်းအား လွန်စွာကျေးးဇူးပြုပေးခဲ့သည့် ကျေးဇူးရှင်မြတ်ကြီးဖြစ်၍ ကျွန်ုပ်တို့၏ ရိုသေမြတ်နိုး လက်အုပ်မိုးပြီး ရှိခိုးပူဇော်မှုကို ခံတော်မှုထိုက်ပါပေသည် မဟုတ်ပါလော -----