ဦးမာန်
မောင်မာန်
ကိုမာန်
ခေါင်းစဉ်ရဲ့ကုဒ်ထည့်ရန်

About

မျိုး ဘာသာ ၊ တိုးကာတတ်အောင် ၊ ဒို့ ကပျက် ဆောင်ရွက်ကွယ် ။ မှုကြီးငယ် သွယ် သွယ်ရှိက ၊ အား ပြည့် အင်ပြည့် ညီညွတ်မယ် ။ ကြီးကြီးငယ်ငယ် ၊ ကျား-ရွေးကွဲ့ ၊မာ့သွေးက စွမ်းအားကြွယ် ။ ချစ်ကြင်နာဖွယ် ၊ ယဉ်ရာကားနဲ့ ၊စဉ်ကြိုးစား စံပြဖွယ် ။ ချစ်မယ်...ချစ်မယ်...။.

Css Menu

Wednesday, June 26, 2013

ပရာဘဝသုတ်တော်လာ ကျင့်ဝတ်တရားများ

ပျက်စီးကြောင်းတရား ဆယ့်နှစ်ပါး
၁။ ဤသူတိုးမည်၊ မတိုးမည်ဟု၊ ဉာဏ်ဖြင့်ရှုက၊ သိလွယ်လှ၏။ ဓမ္မတရား ချစ်ပါငြားမူ၊ ထိုသူမုချ ကြီးပွါးရ၏။ ဓမ္မတရား မုန်းခဲ့ငြားမူ၊ ထိုသူမုချ ပျက်စီးရ၏။
= ဒုစရိုက်တရားဆယ်ပါးကို နှစ်သက်ခြင်း၊ ပြုကျင့်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း အကြောင်းဖြစ်၏။
၂။ သူယုတ်ကိုချစ်၊ သူမြတ်ပစ်ငြား၊ သူယုတ်များ၏၊ တရားကိုသာ၊ နှစ်သက်ပါမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= မိစ္ဆာဒိဋ္ဌိ အယူရှိသူများနှင့် သူယုတ်မာတို့ကို ပေါင်းသင်းဆက်ဆံခြင်း၊ သူတော်ကောင်းတို့နှင့် မပေါင်းသင်းမဆက်ဆံခြင်း၊ မိစ္ဆာဒိဋ္ဌိများနှင့် သူယုတ်မာတို့၏ တရားနှင့်အယူဝါဒများကို နှစ်သက်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၃။ အအိပ်လွန်တောင်း၊ ဖော်ပေါင်းနှင့်သာ၊ မွေ့လျော်စွာလှ၊ လုံးလမရှိ၊ ပျင်းရိလှလျက်၊ အမျက်ကြီးမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= အလွန်အကျွံအိပ်ခြင်း၊ အပေါင်းအဖော်၌ မွေ့လျော်ပြီး အချိန်ဖြုန်းတီးနေခြင်း၊ ထကြွလုံ့လမရှိခြင်း၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။



၎။ မွေးမြူခြင်းငှာ၊ စွမ်းနိုင်ပါလျက်၊ အသက်လည်းကြီး၊ အရွယ်ကြီးလှ၊ မိနှင့်ဖအား၊ မမွေးငြားမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= မိဘတို့ကို ကျွေးမွေးပြုစုနိုင်ပါလျှက် မကျွေးမွေး မပြုစုခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၅။ ရဟန်းပုဏ္ဏား၊ စကားချိုသာ၊ တောင်းလာသူအား၊ မုသားပြောကာ၊ လှည့်ပတ်ပါမူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= ရဟန်းစသော သူတော်စဉ် အလှူခံများနှင့် သူတောင်းစားတို့ကို ပေးလှူမည်ဟု ဖိတ်ကြားဝန်ခံထားပြီး မလှူဒါန်း မပေးကမ်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၆။ ဥစ္စာလည်းများ၊ ရွှေငွေများ၍၊ အစားပေါလည်း၊ တစ်ယောက်တည်းသာ၊ ကောင်းနိုးရာကို၊ မပါအဖော်၊ စားသော်မုချ၊ ပျက်စီးရ၏။
= ပစ္စည်းဥစ္စာ ပေါများသူဖြစ်ပါလျှက် အခြားသူများကို မလှူဒါန်း မဝေငှဘဲ မိမိတစ်ဦးတည်း သုံးဆောင်ခံစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၇။ အမျိုး၏မာန်၊ ဇာတ်၏မာန်နှင့်၊ ဥစ္စာမာန်တိုး၊ ဆွေမျိုးများပေါ်၊ မောက်မော်လွန်းက၊ မုချထိုသူ၊ ပျက်မည်ဟူ၏။
= မာန်မာန တက်ကြွမောက်မာခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၈။ မိန်းမပျော်ကြူး၊ အရက်ကြူးငြား၊ ကစားကြူးလှ၊ ရသမျှကို၊ ဖျက်ကထိုသူ၊ ပျက်မည်ဟူ၏။
= ကာမဂုဏ် အပျော်အပါး လိုက်စားခြင်း၊ အရက်သေစာ၊ မူးရစ်ဆေးဝါး သောက်စားမှီဝဲခြင်းနှင့် လောင်းကစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၉။ တစ်ယောက်နှင့်မျှ၊ အားမရငြား၊ သူ့မယားပါ၊ ပြည့်တန်ဆာ၌၊ အပျော်လိုက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= ပြည့်တန်ဆာမနှင့် သူတစ်ပါးမယားတို့၌ ပြစ်မှားလွန်ကျူးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၀။ သားမြတ်မကြီး၊ တည်သီးခန့်ရွယ်၊ မိန်းမငယ်ကို၊ အရွယ်လွန်ငြား၊ လူအိုများက၊ ယူထားပြီးမှ၊ စိတ်မချ၍၊ သောကပိုလျက်၊ မအိပ်စက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏။
= အသက်ကြီး အရွယ်လွန်သူဖြစ်ပါလျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၁။ အမဲသားငါး၊ စားသောက်လွန်ကဲ၊ သုံးစွဲကြီးလှ၊ မိန်းမယောက်ျား၊ ထိုသူများကို၊ ကြီးပွါးစေမှု၊ အလုပ်စုမှာ၊ မှူးခန့်ပါက၊ ခုချထိုသူ၊ ပျက်မည်ဟူ၏။
= အဝတ်အစား မက်မောလွန်းသူ၊ အသုံးအစွဲမတက်သူကို အကြီးအကဲအရာ၌ ခန့်ထားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၂။ စည်းစိမ်နည်းလှ၊ လောဘကြီးလတ်၊ မင်းဇာတ်လည်းဖြစ်၊ မင်းအဖြစ်ကို၊ လိုမူမုချ၊ ပျက်စီးရ၏။
= မိမိနှင့်မတန်သောအရာကို အလိုရှိခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

No comments:

Post a Comment