အန္တရာယ်ကင်းစွာ ၀တ်တင်ပါ
လှပနုနယ်ညီမငယ်၊ လုံလုံခြုံခြုံဝတ်ဆင်ကွယ်။
မလုံမခြုံဝတ်ဆင်က၊ ဘေးရန်ဒုက္ခ တွေ့တတ်လှ။
မိုးဦးကျတော့ ဖားငယ်ဟာ၊ သူ့သဘာဝ အော်တဲ့ အခါ။
မြွေရောက်လာကာ အော်နေတဲ့၊ ဖားကိုကိုက်ကာ မျိုသကွဲ့။
လှပလိုတဲ့ ညီမငယ်၊ မလုံမခြုံဝတ်ရင်ကွယ်။
အန္တရာယ်ကို ကိုယ့်တည့်တည့်၊ ဖိတ်ခေါ်နေရာ ရောက်သကွဲ့။
ဒါကြောင့်မို့ကွယ် ညီမငယ်၊ ဖားသူငယ်လို မဖြစ်ဖို့ကွယ်။
ကြိုတင်ကာကွယ် အနေနဲ့၊ လုံလုံခြုံခြုံဝတ်ဆင်ကွယ့်။
မေ့မေ့ကျေးဇူး
မေ့မေ့ကျေးဇူး မေ့ဘူးကွယ်၊ ငယ်ငယ်တည်းကသိရမယ်။
သားသမီးအပေါ်ဝယ်၊ မေတ္တာကြွယ်၊ ချစ်ခင်ကြင်နာ လွန်းလှတယ်။
စကားမှာချိုချို ပျားသကာလို ၊ အနားမှာဆိုဆို သင်လို့ရယ်၊
လိမ္မာစေချင် လွန်းလှတယ်။
မေမေမျက်နှာ အစဉ်ချိုပြုံး၊ မေ့မေ့ မေတ္တာ အစင်ကြယ်ဆုံး။
သားသားအချစ်ဆုံး… ၊မီးမီး အချစ်ဆုံး…။
ဘုရားရှိခိုး အိပ်ပါကွယ်
ညီမငယ်လေး ညီလေးငယ်
ဘုရားရှိခိုး အိပ်ပါကွယ်။
ဘုရားရှိခိုး မအိပ်တဲ့သူ ခွေးအိပ်ခြင်းနှင့်တူ။
ခွေးလိုလူ မဖြစ်ချင်က ဘုရားရှိခိုးကြ။
ညီမလေးငယ် ညီလေးငယ် မိဘရှိခိုးအိပ်ပါကွယ်
မိဘရှိခိုး မအိပ်တဲ့သူ ခွေးအိပ်ခြင်းနှင့်တူ။
ခွေးလို လူမဖြစ်ချင်က မိဘရှိခိုးကြ။
ရှိ+ခိုး၏ အဓိပ္ပာယ်
ညီမလေးငယ်၊ ညီလေးငယ်၊ ဘုရားရှိခိုး အိပ်ပါကွယ်။
ဂုဏ်တွေရှိဖို့ တို့ ဖုန်း ကြွယ်၊ ဘာတွေ ဖြည့်ကျင့်တယ်။
စွန့်ခြင်း ၅-သွယ်၊ အကျင့် ၃-ပါး ၊ ပါရမီတွေ ဖြည့်ကျင့်ပွား။
လောကသားတို့ အကျိုးငှာ ဗုဒ္ဓလမ်းစဉ် အတု( ခိုး)ပါ။
ဂုဏ်(ရှိ)တာကို အတု(ခိုး) တော့၊ (ရှိ+ခိုး) တယ်လို့ ခေါ်တာပေါ့။
လိမ္မာဖို့ အရေးကြီး
ရတနာရွှေ ဆန်ရေစပါးထက်၊ အလိမ္မာတရား အရေးပါ။
မလိမ္မာလျှင် အပါယ်လားလို့၊ ဆင်းရဲနွမ်းပါးဖြစ်ရမှာ။
လိမ္မာစေရန် ဗုဒ္ဓတရားကို၊ ငါတို့ သင်ကြားကျင့်သုံးမှာ။
ဗုဒ္ဓတရားတော် သိပါလျက်နဲ့၊ အကျင့်ပျက်လို့မသင့်ပါ။
No comments:
Post a Comment